Thursday, January 14, 2010

မြန်မာ နိုင်ငံ၏ ပရို အမှတ်ပေး ပြိုင်ပွဲ သက်တမ်း တစ်လျှောက် ပထမဆုံး အမှတ်ပေး ချန်ပီယံ အဖြစ် ရတနာပုံ အသင်း မှတ်တမ်း ရေးထိုး နိုင်ခဲ့ပြီ

ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်နှင့် ဥဿာ ယူနိုက်တက်တို့ ပွဲစဉ် အပြီးတွင် အမှတ်ပေး ဇယား ဦးဆောင်သူ ရတနာပုံ အသင်း အနေဖြင့် တစ်ပွဲ ကျန် အနေအထား တွင်ပင် အမှတ်ပေး ချန်ပီယံ ဖြစ်ခွင့် ရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ဒယ်လ်တာ တို့ အနေဖြင့် ဥဿာ အသင်းအား ဂိုးပြတ် အနိုင်ရရန် လိုအပ်ခဲ့ သော်လည်း လက်တွေ့တွင်မူ ၁ဂိုး ဂိုးမရှိဖြင့် မထင်မှတ်ဘဲ ရှုံးပွဲ ကြုံတွေ့ခဲ့သည်။ ထို့ကြောင့် ရတနာပုံ အသင်း အနေဖြင့် နောက်ဆုံး ကျန်ရှိသည့် ရန်ကုန် ယူနိုက်တက်နှင့် ပွဲစဉ်တွင် ရှုံးပွဲ ကြုံတွေ့သည့်တိုင် အမှတ်ပေး ချန်ပီယံ ဖြစ်ရန် သေချာခဲ့ပြီ ဖြစ်ပြီး ပရို ဘောလုံး လောကသို့ ကူးပြောင်းပြီး နောက်ပိုင်း ဒုတိယမြောက် ဖလားအား ဆက်တိုက် အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရတနာပုံ အသင်းသည် ပြီးခဲ့သည့် MNL Cup ၂၀၀၉ ပြိုင်ပွဲတွင်လည်း ရန်ကုန် အသင်းအား ဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဗိုလ်စွဲခဲ့သည့် အသင်းဖြစ်သည်။

0 comments:

Post a Comment