Monday, January 11, 2010

ရန်ကုန် အသင်း ပရိသတ်များ အသင်းအင်္ကျီနှင့် ကွင်းဝင်ခွင့် အခမဲ့ ရရှိမည်

ရန်ကုန် ယူနိုက်တက် အသင်း၏ ပရိသတ်များသည် ကစားသမားများ ၀တ်ဆင်သော အင်္ကျီ တစ်ထည်နှင့် ရန်ကုန် - ရတနာပုံ ပွဲစဉ် ၀င်ရောက် ကြည့်ရှုခွင့် တို့ကို အခမဲ့ ရရှိမည်ဟု သိရသည်။

ပြည်တွင်း အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် Daily Sports ဂျာနယ်၏ ဖော်ပြချက် အရ ရန်ကုန် ယူနိုက်တက် အသင်းသည် ဇန်န၀ါရီ ၁၄၊ ၁၅နှင့် ၁၆ ရက်နေ့ များ၌ ရန်ကုန် မြို့တွင်းရှိ မြို့နယ် အချို့တွင် အသင်း အင်္ကျီများ လိုက်လံ ဝေငှသွားမည်ဟု သိရသည်။ အဆိုပါ အင်္ကျီများသည် ကစားသမားများ ၀တ်ဆင်သည့် ဂျာစီ (အစိမ်း) ပုံစံ အတိုင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဂျာစီ ၀တ်ဆင် ထားသူ များသည် လာမည့် ဇန်န၀ါရီ ၁၇ ရက်နေ့၌ ရန်ကုန် - ရတနာပုံ ပွဲစဉ်အား အခမဲ့ ၀င်ရောက် ကြည့်ရှုခွင့် ရမည်ဟုလည်း သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ၎င်း၏ ပရိသတ် များကို တူညီ ၀တ်စုံများဖြင့် ဘောလုံးပွဲ လာရောက် ကြည့်ရှုကြ စေရန် အလိုရှိသဖြင့် ယင်းသို့ ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - ရတနာပုံပွဲ ကျင်းပသည့် နေ့တွင်လည်း ကွင်းပြင်၌ အသင်း အင်္ကျီများနှင့် အထူးတန်း လတ်မှတ် ၃၀၀၀ အခမဲ့ ဝေငှမည် ဖြစ်သည်။ ရိုးရိုးတန်း တွင်လည်း ပရိသတ်များ အခမဲ့ ကြည့်ရှုခွင့် ရစေရန် စီစဉ်ပေး ထားကြောင်း သိရသည်။

0 comments:

Post a Comment