Monday, January 11, 2010

အဝေးကွင်း သရေပွဲတွေ့ခဲ့သည့် သူရဲနီများ

မန်ယူ အသင်းမှာ ပြီးခဲ့သည့် စနေနေ့က အဝေးကွင်း ပရီးမီးယား ပွဲစဉ် အဖြစ် ဘာမင်ဂမ် အသင်းနှင့် ကစားခဲ့ရာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့သည်။ အိမ်ရှင် ဘာမင်ဂမ် အသင်း အနေဖြင့် အဆိုပါ ပွဲစဉ်တွင် ပထမပိုင်း ၃၉ မိနစ်၌ ဂျာအိုမီ၏ ဦးဆောင်ဂိုးဖြင့် အသာ ရနေသော်လည်း ဒုတိယပိုင်း ၆၃ မိနစ်တွင် အသင်း၏ နောက်ခံလူ စကော့ဒန်းမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သည့် အတွက် ယခုကဲ့သို့ သရေ ကျခဲ့ခြင်းဖြစ်သည်။

မန်ယူ အသင်းမှာလည်း ယင်းပွဲစဉ်တွင် အဓိက ကစားသမား အချို့ မပါဝင် နိုင်ခဲ့သောကြောင့် တိုက်စစ် ဆင်ရာတွင် အနည်းငယ် အခက်တွေ့နေသော်လည်း ဒုတိယပိုင်း ၈၅ မိနစ်တွင် ကွင်းလယ်လူ ဖလက်ချာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရ၍ ၁၀ ယောက်တည်းဖြင့် အိမ်ရှင် အသင်းကို ခုခံ ကစားခဲ့ရသည်။

ယင်းပွဲစဉ်နှင့် ပတ်သက်၍ မန်ယူမှာ နည်းပြကြီး ဖာဂူဆန်က "ဘာမင်ဂမ်နဲ့ ပွဲဟာ ကျွန်တော်တို့ ခက်ခဲမယ်ဆိုတာ ကြိုသိပြီးသားပါ။ အဝေးကွင်းမှာ အတတ်နိုင်ဆုံး အနိုင်ရဖို့ ကြိုးစား ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဖလက်ချာကို နှစ်ဝါ တစ်နီနဲ့ ထုတ်လိုက်တဲ့ ကွင်းလယ်ဒိုင် မက်ခ်ကလန်တက်ဘာ့ဂ်ရဲ့ ဆုံးဖြတ်ချက် ကတော့ တော်တော်လေး ငြင်းစရာ ကောင်းပါတယ်။ သိပ်ပြီး အဓိပ္ပာယ် မရှိဘူးလို့ ကျွန်တော် ယူဆမိပါတယ်" ဟု ပြောဆိုခဲ့သည်။

0 comments:

Post a Comment