Thursday, January 14, 2010

လက်စွမ်းပြခဲ့ကြသော နာပိုလီ ပရိသတ်များ

နာပိုလီ အသင်းသည် ကိုပါ အီတာလျံ ဖလားပွဲတွင် ဂျူဗင်တပ် အသင်းကို ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့မှုအပေါ် ပရိသတ်များက မကျေမနပ် ဖြစ်ကာ ဂျူဗင်တပ်ကွင်းမှ လုံခြုံရေး ၀န်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

နာပိုလီအသင်း ပရိသတ်များသည် ကွင်းအတွင်းရှိ လုံခြုံရေး ၀န်ထမ်းများနှင့် အချင်းများရာမှ ပွဲပြီးသောအခါ ၎င်းတို့က အဆိုပါ လုံခြုံရေး ၀န်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ပစ်ပေါက်မှုကြောင့် လုံခြုံရေး ၀န်ထမ်း ၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ယူရိုစပေါ့တ် သတင်းဌာနမှ ဖော်ပြခဲ့သည်။ ထို့အပြင် ကွင်းအတွင်းရှိ သန့်စင်ခန်းများလည်း ပျက်စီးနေကြောင်း တွေ့ရသည်ဟု အဆိုပါ သတင်းဌာနမှ ပြောဆိုခဲ့သည်။

ယင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးလျက်ရှိပြီး လူတစ်ဦးကိုလည်း ဖမ်းဆီးထားသည်။

0 comments:

Post a Comment