Thursday, January 14, 2010

အဒီဘာယော မန်စီးတီးအတွက် ပြန်ကစားရန် မသေချာ

မန်စီးတီး တိုက်စစ်မှူး အဒီဘာယော အနေဖြင့် လက်ရှိတွင် အသင်း အတွက် ပြန်ကစားရန် မသေချာကြောင်း သိရသည်။ အဆိုပါ တိုက်စစ်မှူးမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က သူ၏ တိုဂိုအသင်းမှာ အာဖရိက နိုင်ငံများဖလား ပြိုင်ပွဲအတွက် အန်ဂိုလာသို့ အသွား လမ်းတွင် အကြမ်းဖက် တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ ၀မ်းနည်းပူဆွေးကာ မိခင်နိုင်ငံသို့ ပြန်သွားပြီ ဖြစ်သည်။

အင်တာဗျူး တစ်ခုတွင် အဒီဘာယောက " ကျွန်တော် အခုချိန်မှာ အရမ်းကို ၀မ်းနည်းနေပါတယ်။ ကိုယ့်ရဲ့ နိုင်ငံ လက်ရွေးစင် အသင်း အခုလို တိုက်ခိုက် ခံရတာ မကောင်းပါဘူး။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မိတ်ဆွေတွေ၊ လက်ရွေးစင် အသင်းဖော်တွေ အချို့ဟာ ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့အထိ အဲဒီ အရိပ်ဆိုးကြီးဟာ ကျွန်တော့်ဦးနှောက်ထဲက မထွက်သေးတဲ့အပြင် အဲဒီစိတ်နဲ့ ကျွန်တော်လည်း စားမ၀င် အိပ်မပျော် ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ အခုချိန်မှာတော့ မန်စီးတီးအတွက် ပြန်ကစားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော့်ရဲ့ အခြေအနေတွေကို အသင်းနည်းပြ မန်ချီနီနဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေ နားလည်ပေးမယ် ထင်ပါတယ်။ ကိုယ်တိုင် ထိခိုက်မိလို့ ရခဲ့တဲ့ ဒဏ်ရာဟာ ပျောက်ကင်းဖို့ လွယ်ပေမယ့် အခု ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ၀မ်းနည်းမှုကို ချက်ချင်းတော့ ဖြေဖျောက်နိုင်မှာ မဟုတ်ပါဘူး " ဟု ပြောဆိုခဲ့သည်။

0 comments:

Post a Comment